Thursday, July 4, 2019

Linux ဆိုတာဘာလဲ

Linux ဆိုတာဘာလဲ

Linux ဆိုတာကတော့  Linux Kernel ကို အခြေခံထားပြီး Unix Operating System နဲ့တူတဲ့ Operating System ပါ။
တစ်ချို့ကတော့ Linux ဆိုတာ Operating System တစ်ခုလုံးလို့ သတ်မှတ်ကြသလို တစ်ချို့ကတော့ Kernel သက်သက်ပဲလို့ သတ်မှတ်ကြပြန်ပါတယ်။

Microsoft ရဲ့ Windows OS မှာ သက်ဆိုင်တဲ့ Components တွေပါသလို Apple ရဲ့ MacOS မှာလည်း သက်ဆိုင်တဲ့ Components တွေပါပြန်ပါတယ်။ Linux OS မှာလည်းသက်ဆိုင်တဲ့ Components တွေ ပါပါတယ်။ Bootloader၊ Linux Kernel၊ daemon၊ X Windows System၊ Shell၊ Desktop Enviroment၊ Application တွေ စသဖြင့်ပေါ့။

Linux Kernel ကတော့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုလိုပါ။ ဘာနဲ့တူသလဲဆိုရင် ဆိုင်ကယ်အင်ဂျင်နဲ့တူသလိုမျိုးပေါ့။ ဆိုင်ကယ်တစ်စီးမှာ အင်ဂျင်က အဓိကကျပေမဲ့ လက်ကိုင်တွေ ဘရိတ်တွေ ဂီယာတွေမပါရင် ဘာမှလုပ်လို့မရသလိုပါပဲ။

Linux Kernel ကိုတော့ ၁၉၉၁ ခုနစ်မှာ Linus Torvalds ဆိုတဲ့ ကျောင်းသားတစ်ယောက်ကနေ C Language ကို အခြေခံပြီး ဖန်တီးခဲ့တာပါ။ Linux Kernel ဟာ Free Software တစ်ခုလည်းဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ Linux Kernel ကို Community Developer တွေ စုပေါင်းပြီးတော့ လုပ်ဆောင်နေကြပါတယ်။

Linux Distribution(distro) ဆိုတာကတော့ အထက်ပါ Linux Kernel ကို အခြေခံပြီးတော့ Desktop Enviroment တွေ application တွေ repository တွေ ထပ်ပေါင်းပြီးတော့ Customize လုပ်ထားတဲ့ Operating System ပါပဲ။ Linux Distro တွေ အများကြီးရှိပါတယ်။ အဲ့လို Linux Distro ထဲမှာမှ Workstation(Desktop) လား Server လားဆိုပြီးတော့ ၂ မျိုးကွဲသွားပြန်ပါတယ်။ Ubuntu မှာလည်း Workstation version ရှိသလို Server Version လဲရှိပါတယ်။ Server မှာ နာမည်ကြီးတာတွေကတော့ CentOS၊ Redhat၊ Ubuntu၊ Debian စသဖြင့်ရှိပြီးတော့ Desktop Distro မှာတော့ Fedora၊ Ubuntu၊ Arch Linux၊ Kali စသဖြင့်ရှိကြပါတယ်။

Linux Server ကို ဘယ်ကုမ္ပဏီတွေသုံးနေကြသလည်း ဆိုရင်တော့ Google၊ Facebook၊ Amazon စတဲ့ ကုမ္ပဏီကြီးတွေ တော်တော်များများ သုံးနေကြပါတယ်။

S&M Tech

No comments:

Post a Comment