ပရိုဂရမ်မင်းဘာသာရပ်လေ့လာလိုသူများအတွက် အွန်လိုင်းရတနာသိုက်များ။
ပရိုဂရမ်းမင်း (Programming) ဘာသာရပ်ကိုလေ့လာချင်သူတွေအတွက် အွန်လိုင်းပေါ်ကရင်းမြစ် (resources) တွေကို ညွှန်းချင်ပါတယ်။ ပညာရပ်တစ်ခုဆိုတာ လေ့လာလေနက်နဲလေ၊ ရှာဖွေလေတွေ့ရှိလေပါပဲ။ ပိုပြီးကျယ်ပြန့်စွာသိချင်ရင် အွန်လိုင်းမှာ programming နဲ့ coding တွေအတွက် ရှာနိုင်တဲ့နေရာတွေ အများကြီးပါ။
ကျွန်တော် Network Computing ဘွဲ့အတွက်ကျောင်းတက်တုန်းက ပထမနှစ်မှာ Java နဲ့ပတ်သက်ပြီး object-oriented programming နှစ်ဘာသာယူရပါတယ်။ ကျွန်တော့်ဆရာက လည်း တကယ့်ပရိုဂရမ်းမင်းခရေဇီလေ။ သူဖတ်ဖို့ပေးထားတဲ့စာအုပ် ကလည်း ဘာသာရပ်နှစ်ခုစလုံးအတွက် တစ်မျိုးတည်းပဲ။ ဒါပေမယ့် ဆရာရော စာအုပ်ပါ သိပ်မထူးပါဘူး။ ပျင်းစရာကောင်းလှတယ်။ တစ်ခုကောင်းတာက ဆရာက အသင်အပြတော့ မကောင်းဘူး။ အညွှန်းတွေသိပ်ကောင်းတယ်။ သူတို့ညွှန်းတဲ့ site တွေကို ကျောင်း သားတိုင်းစိတ်မဝင်စားပေမယ့် ကျွန်တော်ကတော့ စိတ်ဝင်စားတယ်။ ကွန်ပျူတာအင်တာနက်ကို မွှေနှောက်နေရရင် စိတ်ထဲမှာ ပြေပျောက်နေတတ်တဲ့ကောင်ဆိုတော့ မွှေပြီပေါ့ဗျာ။
ကျွန်တော်ပြောခဲ့တာအခြေအနေအမှန်ပါဗျာ။ ဆရာသင်တာ မရှင်းတော့ သိချင်စိတ်တွေများလာတယ်။ ဒီတော့ ပိုကောင်းတဲ့ စာအုပ်ကိုရှာဖို့ ဆုံးဖြတ်လိုက်ရတယ်။ စာအုပ်ဆိုင်တွေမှာ စာအုပ်တွေ ရှိပေမယ့် ဈေးကြီးတယ်ဗျာ။ တကယ်မဝယ်နိုင်ပါဘူး။ ဈေးပေါတာ တွေကအလုပ်မဖြစ်။ ဝယ်နိုင်တယ်ပဲထား အဲဒီစာအုပ်ကြီးတွေရှင်းမှ ပိုရှုပ် ကုန်တယ်။ ကျောင်းပြဋ္ဌာန်းစာအုပ်တွေလောက်တောင် မထူးတဲ့ စာအုပ်တွေကို စိတ်ကုန်လာတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်မပျက်ဘူးဗျ။ စာအုပ်တွေနောက်က အညွှန်းတွေနောက်၊ သူတို့ ကိုးကားထားတဲ့ စာအုပ်တွေ စာရင်းနောက်ကို လိုက်ရင်လည်းရတာပဲ မဟုတ်လား။ ဒီနေရာကနေ ရှေ့ဆက်ဖို့စတာ အကောင်းဆုံးလို့ သတ်မှတ်လိုက်တယ်။
ကျွန်တော်စိတ်အဝင်စားဆုံးက website တွေပဲ။ အိုင်တီကျောင်းသားတွေအများစု စိတ်မဝင်စားတတ်တဲ့နေရာလို့ ဆိုရမလားပဲ။ အဲဒီအထဲမှာ အကောင်းဆုံး site တွေကိုပြောပါဆိုရင် programming language နဲ့ပတ်သက်တဲ့ site တွေပဲ။ အခြား ပရိုဂရမ်းမင်းနဲ့ပတ်သက်တဲ့ coding community က အဖွဲ့ဝင် member site တွေလည်းရှိသေးတယ်။ အဲဒါတွေကိုတွေ့ကြုံရတာ ကျွန်တော့်အတွက်တော့ ရတနာသိုက်ကို ရှာတွေ့လိုက်ရသလိုပါပဲ။
================================================
Java Beans
http://www.netbeans.org/kb/trails/java-se.html
Java Beans ကတော့ အခြား website တစ်ခုပါ။ ကျွန်တော့်ဆရာတွေ မကြာခဏ ညွှန်းတတ်ပါတယ်။ Tutorial တွေလုပ်ဖို့ တကယ့်စာကြည့်တိုက်ကြီးတစ်တိုက်လို့ပြောရမယ်။ Java programmer တွေအတွက်သာမဟုတ်ဘူး၊ C++ နဲ့ PHP သမားတွေအတွက်ပါ အများကြီးပတ်သက်နေတဲ့နေရာလို့ပြောရ မယ်။ Java Beans မှာ Java ပရိုဂရမ်အဖွဲ့ဝင်တွေကလည်း သူတို့ content တွေနဲ့အများကြီးအထောက်အကူပြုထားတာတွေ့ရတယ်။ အဖွဲ့ဝင်တွေက သူတို့တွေ့ထားတဲ့၊ သိထားတဲ့ ပရိုဂရမ် tutorial တွေကို တင်ထားပေးတယ်။ သူတို့ဆိုလို့ ပေါ့သေးသေးတွေ မထင်နဲ့။ တကယ့် specialist တွေအများကြီးပါတယ်။
================================================
Java Lessons
http://javalessons.com/
ဒီ website မှာ နှစ်ပေါင်းများစွာ ကျွန်တော်လုပ်ခဲ့ရတဲ့ လေ့ကျင့်ခန်းတွေ၊ assignment တွေကို အများကြီးသွားတွေ့လိုက် ရတယ်။ Java Lessons က tutorial တွေအများကြီးပေးထား တယ်။ ဒါပေမယ့် ဥပမာတွေပေးပြီးတော့ပဲ focus လုပ်ထားတယ်။ ဒီ site မှာ machanics of the language နဲ့ ရှုပ်ထွေးလှတဲ့ statement တွေရဲ့ ရည်ရွယ်ချက်တွေကိုဖော်ပြထားတယ်။ ပုံစံ အမျိုးမျိုး ရှင်းလင်ချက်အဖုံဖုံနဲ့ စာကြည့်တိုက် တစ်တိုက်စာလောက် ရှင်းချက်တွေကိုတွေ့နိုင်တယ်။ ဥပမာတစ်ခုကို click လုပ်လိုက်တာ နဲ့ 'lesson viewer' ကိုတွေ့နိုင်ပြီး အဲဒီအထဲမှာ source code တွေကို နောက်ထပ် window တစ်ခုနဲ့ဖတ်နိုင်မှာပါ။ လိုင်းတစ်လိုင်း စီရဲ့ရှင်းချက်တွေကိုသိချင်ရင် အခြား window တစ်ခုနဲ့ထပ်မံ လေ့လာနိုင်ပါတယ်။ Code လိုင်းတွေပေါ်က cursor ကိုဖယ်လိုက် တာနဲ့ viewer က ဆက်စပနေတဲ့ရှင်းလင်းချက်တွေကို hilighlight နဲ့ဖော်ပြမှာဖြစ်ပါတယ်။ အမြင်ပိုင်းဆိုင်ရာကတော့ ဒီ website ဟာသိပ်ပြီးတော့ အတော်လေးရုပ်ဆိုးပေမယ့် အသုံး ကျမှုကတော့ တန်ဖိုးဖြတ်လို့ကို ရနိုင်မယ်မထင်ပါဘူး။
================================================
Java World Community
http://www.javaworld.com/community
Java World ရဲ့ main page မှာတင် တကယ်ကောင်းတဲ့ ဆောင်းပါးတွေတင်ထားတာတွေ့ရမယ်။ ဒီဆောင်းပါတွေဟာ ပရိုဂရမ်းမင်းနဲ့ပတ်သက်ပြီး နားလည်စေနိုင်ရုံမျှမက ချဲ့တွေးမယ်ဆိုရင် အများကြီး တွေးလို့ရတဲ့ဆောင်းပါတွေဖြစ်ပါတယ်။ Java World မှာ community section ဆိုတာပါတယ်။ ဒီကဏ္ဍကနေ Java နဲ့ပတ်သက်တဲ့ Q&A forum တွေအပြင် အခြားသက်ဆိုင်ရာ blogတွေဆီကိုလည်း သွားနိုင်ပါလိမ့်မယ်။
================================================
Java Coffee Break
http://www.javacoffeebreak.com/
ဒီ site ဟာ ကျွန်တော်တက္ကသိုလ်ကာလတစ်လျှောက်လုံး သုံးခဲ့တဲ့ site အနေနဲ့ အမှတ်ရနေတယ်။ Java Coffee Brake ရဲ့ library of tutorial က အတော်လေးဟောင်းနေပြီလို့ဆိုရမယ်။ ဒီ site မှာရေးတဲ့သူတွေက ၁၉၉၆ လောက်ကတည်းကလေ။ ဒါပေမယ့် တကယ့် language နဲ့ပတ်သက်ပြီး နှိုက်လိုတဲ့နောက်ပေါက်တွေ အတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့နေရာကြီးတစ်ခုပဲ။ ကိုယ်ဘာတွေသိချင် လိုချင်တယ်ဆိုတာကို ဒီ site မှာဆုံးဖြတ်နိုင် လိမ့်မယ်ထင်ပါတယ်။
================================================
CProgramming.com
http://www.cprogramming.com/
CProgramming.com ဟာတကယ့် အံ့ချီးဖွယ် tutorial library ကြီးလို့ဆိုနိုင်တယ်။ C ရော C++ အတွက်ပါ အခြေခံကစ ပြီးရှင်းပြနိုင်တဲ့လိုင်းဖြစ်ပါတယ်။ OpenGL လိုခေါင်းစဉ်အောက် ကနေ လေ့လာစရာတွေအများကြီးပါ။ CProgramming ရဲ့ ပြဿနာတစ်ခုကတော့ update သိပ်မလုပ်တာပဲဖြစ်ပါတယ်။ Website ရဲ့ homepage ကိုကြည့်လိုက်ရင် ၂ဝဝ၉ မတ်လ အတွက် update တွေခုထိမတက်သေးဘူး။ ၂ဝဝ၈ နိုဝင်ဘာ လောက်က update လုပ်ထားတာပဲရှိသေးတယ်။ ဒီ့ထက်စောတာ ဆိုရင် ၂ဝဝရ ဩဂုတ်လောက်ကဟာတွေပဲရှိတယ်။ ဒီ site က content တွေဟာ အခြားကစိတ်ဝင်စားသူတွေဆီကလာတာထက် site ကိုဖန်တီးသူတွေပဲရေးထားတာများမယ်ထင်ပါတယ်။ သဘော ကတော့ C++ ကိုပစ်ပယ်သူတွေများလာပြီဆိုတဲ့သဘောဖြစ်မယ် ထင်တယ်။ ညွှနးလိုတာကတော့ C++ နဲ့ပတ်သက်ရင် ဒီ site မှာ အပြည့်စုံဆုံးရနိုင်တယ်ဆိုတာပဲ။
================================================
LearnCpp.com
http://www.learncpp.com/
အခြေခံကျကျ tutorial တွေနဲ့ website တစ်ခုပေါ့။ ဒီဘာသာ စကားနဲ့ပတ်သက်ပြီး အတွေ့အကြုံ ရှိသူတွေအတွက် ရည်စူးပြီး သီးသန့်ပညာရှင်ဆန်တဲ့ website လို့ဆိုနိုင်ပါတယ်။ ဒီ site ဟာ တကယ့်ဈေးကွက်ဝင် ပညာရှင်အဆင့်လောက်အထိကိုရည်စူးပြီး သုတေသနလုပ်ထားတာတွေတင်ထားတာကြောင့် ခုမှစတင်လေ့လာ သူတွေအနေနဲ့တော့ အသက်ရှူမှားလောက်တဲ့ site လို့ဆိုရမယ်။
================================================
CPlusPlus.com
http://www.cplusplus.com/
ဒီ site မှာလည်း tutorial တွေအများကြီးရှိတယ်။ အမှန်တော့ ဒီ site မှာရောင်းနေတာတွေက လက်ရှိ active ဖြစ်နေတဲ့ forum တွေနဲ့ ဥပမာကောင်းကောင်းတွေစုစည်းချက်တွေပါ။ ဒါတွေကို အလကားမရပါဘူး။ အဲဒီ ခက်ခဲနက်နဲတဲ့ source code တွေကို download လုပ်ယူနိုင်ပါတယ်။ Compiled လုပ်တာတွေ၊ run တာတွေကို အခြား DOS သို့မဟုတ် Windows နဲ့လုပ်ကြည့်နိုင်ပါတယ်။
================================================
Mark-up and Scripting Languages
W3Schools
http://www.w3schools.com/
ဒီ site မှာ တကယ့်ကောင်းတဲ့ array of tutorial တွေကို ပြင်ခွင့်၊ ဝင်ရေးခွင့်တွေရနိုင်အောင် စီစဉ်ပေးထားတယ်။ ဈေးကွက် ဝင် script တွေဖြစ်တဲ့ ASP, CSS, HTML, Javascript, PHP, SQL နဲ့ XML တွေအားလုံးဒီအထဲမှာလေ့လာနိုင်တယ်။ ဒီ site ရဲ့ library of tutorials ဟာ အရမ်းကျယ်ပြန့်တဲ့သဘောရှိတယ်။ လိုချင်သလောက်အရေအတွက် ဒီမှာမလေ့လာနိုင်တာကို အဆိုးမြင် လို့တော့မရဘူး။ သူထည့်ထားသမျှ content တွေဟာ တကယ့် အရည်အသွေးပြည့်စမ်းသပ်ချက်တွေဖြစ်နေတာကို အသိအမှတ်ပြု ရလိမ့်မယ်။ ဒါပေမယ့် ဥပမာတွေအများကြီးတော့ရှိတယ်။ ပြဿနာတစ်ခုခုကို W3School မှာကြိုက်ရာဘာသာ language နဲ့ဝင်ပြီးလေ့လာနိုင်တယ်ဆိုတာက အခွင့်အရေးတစ်ခုလို့မှတ်လိုက် ပါ။ ပြီးပြည့်စုံတဲ့ site တစ်ခုမဟုတ်သေးပေမယ့် အစသမားတွေ ရော၊ ကျွမ်းကျင်သူတွေပါအားကိုးထိုက်တဲ့ site ဖြစ်ပါတယ်။
================================================
PHPFreaks
http://www.phpfreaks.com/
PHP coding တွေနဲပတ်သက်ပြီး tutorial တွေအပြင် တကယ့်ပြောင်မြောက်တဲ့ active forum တွေကိုပါ လေ့လာနိုင်ပါတယ်။
================================================
HTML: An Interactive Tutorial
http://www.davesite.com/webstation/html/
အခြေခံကျကျ tutorial ကောင်းကောင်းတွေထည့်ထားတယ်။ HTML ကိုစတင်လေ့လာချင်သူတွေအတွက်ကောင်းတယ်။ Coding တွေအပြင် website design တွေကိုပါ အခြေခံကစပြီး လေ့လာနိုင်တယ်။
================================================
YourHTMLSource/JavaScript
http://www.yourhtmlsource.com/javascript
JavaScript နဲ့ပတ်သက်ပြီး နိဒါန်းသဘောလောက်တော့ လေ့လာနိုင်လိမ့်မယ်။ ဒီ site ရဲ့အဓိကဟာ URL နဲ့ပတ်သက်ပြီး အကြံပြုချက်တွေအပြင်၊ HTML နဲ့ပတ်သက်ပြီး focus လုပ်ထား တာတွေလောက်ပဲရှိတယ်။
================================================
JavaScript Kit
http://www.javascriptkit.com/javatutors
အတော်လေးဟောင်းနေတဲ့ website လို့ဆိုရမယ်။ Y2K bug တွေနဲ့ပတ်သက်ပြီး ရှင်းချက်တွေရှိတယ်။ JavaScript နဲ့ ပတ်သက်ရင် အရည်အသွေးပြည့် tutorial တွေအများဆုံး စုဆောင်း ထားနိုင်တဲ့ library တစ်ခုလိုတော့ အသိအမှတ်ပြုရမယ်။ JavaScript ကိုအထူးပြုလိုက်စားသူတွေ အခြေခံကျကျပြန်လေ့လာ ချင်တယ်ဆိုရင် ဝင်ပြီးလေ့လာသင့်တဲ့ site လို့အကြံပြုချင်ပါတယ်။
================================================
SQLzoo.net
http://www.sqlzoo.net/
SQL နဲ့ပတ်သက်ပြီး နိဒါန်းပျိုးပေးထားတဲ့ site လို့ဆိုနိုင် တယ်။ တကယ့် interactive ဖြစ်တဲ့ ဥပမာတွေပေးထားတာက လေ့လာချင်သူတွေအတွက် အထောက်အကူများစွာဖြစ်စေပါလိမ့်မယ်။
================================================
HTML.net
http://www.html.net/
HTML နဲ့ CSS တွေနဲ့ပတ်သက်ပြီး အခြေခံကျကျ tutorial တွေထည့်ပေးထားတယ်။ Tutorial တွေကတော့ လက်ခံချင်လည်း လက်ခံလို့ရသလို လက်မခံချင်ရင်လည်းရတဲ့ ဉာဏ်ပွားပြီးစဉ်းစားစရာ ပြဿနာတွေနဲ့ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်ကိုအခြေခံ ကျကျစဉ်းစားပေးထားတယ်။ သူတို့နဲ့ W3School site က tutorial တွေဟာ သိပ်မနီးစပ်တာတွေဖြစ်ကောင်းဖြစ်နိုင်တယ်။ အတွေ့အကြုံမရှိသေးသူတွေအတွက်ကတော့ အဆင်ပြေစွာ လေ့ကျင့်နိုင်မယ့် နေရာကောင်းတစ်ခုလို့ဆိုနိုင်ပါတယ်။
================================================
Beginners, Non-Programmers Guide to Python
http://wiki.python.org/moin/BeginnersGuide/NonProgrammers
Python tutorial တွေအများကြီးပေးထားပြီး နောက်ထပ် အသစ်တွေကို ဆွဲခေါ်ထားတဲ့ site လို့ဆိုနိုင်တယ်။ အထူးသဖြင့် တော့ ဒီ site ဟာ ကလေးတွေအတွက်ရည်စူးပြီး ကလေးပရိုဂရမ် မာတွေထွက်ပေါ်ရေးများ လုပ်ထားသလားလို့ထင်ရတယ်။ လွယ်လွယ်နဲ့ ပရိုဂရမ်ကိုလေ့လာချင်ရင် ဝင်ကြည့်ပေါ့။
Ref : Programming resources, By Chris Taylor
Source : http://www.myanmar-network.net/forum/topics/3423487:Topic:350939
Friday, February 24, 2017
Programming များအတွက်ရတနာသိုက်
Window မတက်ခြင်းအကြောင်း
windowမတက်ခြင်းအကြောင်း
Windows မတက်ခြင်း (Memory Card Error) ဖြေပေးကြည့်ပါ ........အကြောင်းအမျိုးမျိုးထဲကမှ Hardware ( Memory Card ) ကြောင့် Win မတက်တာကို သူငယ်ချင်းများကို Shareပေးချင်ပါတယ်၊ စက်စစဖွင့်ခြင်းMonitor မှာဘာမှ မပေါ်ပဲ တီ တီ တီ ဆိုပြီးအသံတိုပဲကြားနေရရင် Memory ကြောင့်လို့ယူဆလို့ရပါတယ် ကျွန်တော်တို့ စက်အဖုံးဖွင့်ပြီး Memory Card ကို လွတ်နေလားလို့ကြည့်ရအောင်1
CommentMyanmar Computer Network Group (MCNG)လွတ်နေတယ်ဆိုရင်သေချာအောင်ဖိတပ်လိုက်ရင်ရပါပြီ၊ ဒါမှမဟုတ်မလွတ်ဘူး နေသားတကျပဲဆို Memory Card ကိုဖြုတ်လိုက်ပါCard ရဲ့အောက်ခြေကြေးပြားတွေမှာ ဂျီးတွေကပ်နေလားကြည့်ပါ ပြီးရင်ကြေးပြားတွေကို ခဲဖျက်နဲ့တိုက်ပြီးသန့်ရှင်းရေးလုပ်ပေးပါ အပေါ်ကChip တွေကိုလည်း Brush အနုလေးနဲ့ သန့်ရှင်းရေးလုပ်ပါ၊ ပြီးရင်သေချာပြန်တပ်ကြည့်ပါ မရသေးရင် Memory Card ကနှစ်ချောင်းဆို တစ်ချောင်းချင်းစီ Slot တွေ Change ပြီးစမ်းကြည့်ပါ၊ Win ကတက်တော့တက်တယ် Loading ပြေးပြီးRestart ပြန်ကျသွားရင်လည်း Memory ကြောင့်ဖြစ်တတ်ပါတယ် ကျွန်တော်ရှေ့မှာပြောခဲ့သလို Clean လုပ် Slot Changeပြီးတပ် အဲဒီလိုစမ်းကြည့်ပါ၊ Blue Screen ပေါ်ပြီး Restart ကျသွားရင် Memory Card က တစ်ချောင်းဆိုရင် Motherboardနဲ့ အဆင်မပြေသာဖြစ်နိုင်သလို နှစ်ချောင်းဆိုရင် Bus Speed မတူတာဖြစ်နိုင်ပါတယ်၊ Loading ပြေးပြီး Restart ကျသွားတိုင်း Blue Screen ပေါ်ပြီး Restart ကျသွားတိုင်း Memory Error ရယ်လို့ တထစ်ချ ယူဆလို့တော့မရပါဘူး၊ HardwareEngineer များကိုယ်တိုင်မျက်စိ လည်တဲ့Memory Error တစ်ခုရှိပါတယ် အဲဒီ Error က ............. သူငယ်ချင်းများဘယ်လို Error ထင်ပါသလဲ ?? ပျော်ပျော်ပါးပါးအောက်က Comment မှာ ရေးကြည့်ကြပါခင်ဗျာ၊ သူငယ်ချင်းများကိုခေါင်းစားတယ်လို့မထင်စေချင်ပါဘူး ကျွန်တော်တို့ ဒီ Channel တည်ထောင်တဲ့ ရည်ရွယ်ချက်ကိုကသူငယ်ချင်းအချင်းချင်း ComputerTechnology ပိုင်းကို Sharing လုပ်ဖို့ပါ ဒါကြောင့် ကျွန်တော်တို့တင်တဲ့ Post တွေရဲ့လိုအပ်ချက်တွေကို ၀င်ရောက်ဆွေးနွေးပေးကြပါခင်ဗျာ၊ သူငယ်ချင်းတို့သိတဲ့ တတ်တဲ့ နည်းပညာပိုင်းများကိုလည်း Share ပေးကြပါခင်ဗျာ ကျေးဇူးတင်ပါတယ်၊
Computer မှာUsb Stick မတက်ရင်
ကွန်ပျူတာမှာ USB Stick မတက် ဘူးဆိုရင်
USB Memory Stick တွေဟာ တခြား External HD တွေနဲ့ နှိုင်းယှဉ်ရင် သိုလှောင်မှု နည်းပါးပြီး ဈေးမြင့်တယ်လို့ ထင်ရပေမယ့် သုံးစွဲရ လွယ်ကူ အဆင်ပြေစေပါတယ်။ သို့ပေမယ့် pen drive, flash drive တွေနဲ့ USB ပေါက်မှာ ထိုးတဲ့ တခြား external device တွေဟာ တစ်ခါတစ်ရံမှာ detect မမိဖြစ်နေတက်ပါတယ်။ ဒီအခါ Tast-bar မှာ "USB Drive Not Recognized" လို့ Error Message ပြသတက်ပါတယ်။
ဒီအခြေအနေမျိုးမှာ များသောအားဖြင့် USB Memory Stick ကို ဖြုတ်တပ်လုပ်ဖို့ပဲ စဉ်းစားမိကြပါလိမ့်မယ်။ ဒါဟာ အလုပ်မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ က USB ကို မသိခြင်း၊ ဒါမှမဟုတ် Window ချွတ်ယွင်းခြင်း ပြဿနာကို ရိုးရှင်းတဲ့ အောက်ပါ နည်းလမ်းနှစ်သွယ်နဲ့ ဖြေရှင်းပါလိမ့်မယ်။
နည်းလမ်း(၁)
- ကွန်ပျူတာကို ပိတ်ပြီး Power Supply ကြိုးကို ဖြုတ်လိုက်ပါ။(မားသားဘုတ်မှာ Power ဝင်နေတဲ့အတွက် ကြိုးတွေ ဖြုတ်လိုက်ဖို့ လိုအပ်ပါတယ်)
- တစ်မိနစ်ကြာတဲ့အထိ ကွန်ပျူတာကို ပိတ်ထားပါ။
-ပြီးရင် ကွန်ပျူတာကို ပြန်ဖွင့်ပါ။ System မှာ (Printer, Network Service...) တွေ ပြီးဆုံးအောင်အထိ တပ်ပြီးမှ Memory Stick ကို စက်မှာ ပြန်ထိုးပါ။
နည်းလမ်း(၂)
- နောက်တစ်နည်းကတော့ Run Box မှာdevmgmt.msc ကို ရိုက်ထည့်လိုက်ပါ။
- Device Manager ပေါ်လာရင် My Computer မှာ ကလစ်နှိပ်ပါ။(Stick ကိုစက်မှာ တပ်ပြီးသား ဖြစ်ပါစေ)
- Action Menu အောက်က "Scan for Hardware Changes" command ကိုနှိပ်လိုက်ပါ။
ဒီအခါမှာ ကွန်ပျူတာက USB ကိုမြင်နိုင်ပါပြီ။ အဝါရောင် Error Message ကို မြင်ချင်ပါတယ်ဆိုတာတောင် မြင်ရမှာ မဟုတ်တော့ပါဘူး။
Windows တင်နည်းစာအုပ်
Windows တင်နည်းစာအုပ်တွေ စုဆောင်းဖော်ပြလိုက်ပါတယ်။ ဘယ် Windows တင်ချင်သလဲ၊ အားလုံး
စုံအောင် ဖော်ပြထားပါတယ်။ Windows XP, Windows Vista, Windows 7, Windows 8 တင်နည်း
စာအုပ်တွေ ဖြစ်ပါတယ်။ အောက်မှာ ဒေါင်းပါ
Windows XP တင်နည်း စာအုပ် ဒေါင်းရန် >>>
http://adf.ly/1iYWBs
Windows Vista တင်နည်း စာအုပ် ဒေါင်းရန် >>>
http://adf.ly/1iYWF8
Windows 7 တင်နည်း စာအုပ် ဒေါင်းရန် >>>
http://adf.ly/1iZRRl
Windows 8 တင်နည်းနဲ့ အသုံးပြုနည်း စာအုပ် ဒေါင်းရန် >>>
http://adf.ly/1iZRpA
.... Credit to kogyikaunghtet
Posted by Myartko Orange
Password အကြောင်း
ပက်စ်ဝါ့ခ်အကြောင်း
-အင်တာနက်နည်းပညာတွေ ကျယ်ပြန့်လာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ တကိုယ်ရေလုံခြုံမှု၊ လွတ်လပ်မှုနဲ့ သီးခြားထင်ရှားမှု တွေဟာ ပိုပြီး အရေးကြီးလာပါတယ် ... သတင်းနည်းပညာခေတ်ကြီးထဲမှာ အင်တာနက် သုံးနေသူတိုင်းဟာ မိမိတို့ရဲ့ အမှတ်အသား (Identity) နဲ့ လွတ်လပ်မှု (Privacy) တွေကို မသမာသူတွေရဲ့ အလွဲသုံးစား အလုပ်ခံရတဲ့ အန္တရာယ် ကနေ ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ကောင်းကောင်းနားလည်ထားဖို့ အရေးကြီးပါတယ်။ ဒီလို အကာအကွယ်ပေးဖို့ဆိုတာ
ကိုယ်အသုံးပြုနေတဲ့ စကားဝှက်(Password) တွေကို ကောင်းစွာ အသုံးပြုနိုင်မှုနဲ့
စကားဝှက်တွေရဲ့ အကာအကွယ်ပေးနိုင်မှု တွေကို ကောင်းစွာ နားလည်မှု တွေအပေါ်မှာ မူတည်နေပါတယ် ...
ကျွန်တော်တို့ သုံးနေတဲ့ စကားဝှက်တွေကို မှတ်ရတာ၊ ခန့်မှန်းရတာ လွယ်နေလား ခက်သလားဆိုတာ အောက်မှာ စစ်ဆေး ကြည့်လို့ရပါတယ် ...
အသုံးများသော၊ အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားသော စကားဝှက်
အများသုံး အမည်များ အပေါ် အခြေခံထားသော စကားဝှက်
User/Account အမည်များ အပေါ် အခြေခံထားသော စကားဝှက်
တိုတောင်းသော (သင်္ကေတ ၆ ခုထက် လျော့နည်းသော) စကားဝှက်
အထက်ပါအတိုင်း တစ်ခုမှ မဟုတ်သော စကားဝှက်
တကယ်လို့များ အပေါ်ဘက်လေးခုထဲက တစ်ခုခုနဲ့ ကိုက်ညီနေပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ စကားဝှက်တွေကို အခြားသူတွေက အလွယ်တကူ ခန့်မှန်းနိုင်မှာ ဖြစ်ပြီး အင်တာနက်ထဲမှာ “ကျွန်တော်မသိတဲ့ ကျွန်တော် ” တွေ အများကြီး ပေါ်လာနိုင်ပါတယ် ...
အားနည်းသော စကားဝှက်များ
အားနည်းတဲ့၊ လုံခြုံမှုမရှိတဲ့ စကားဝှက်များမှာ အခုလို လက္ခဏာတွေ ရှိနေပါတယ် ...
အသုံးများသော အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားခြင်း ...
ပြောင်းပြန်ပြုထားခြင်း (ဥပမာ - “terces”)
အကြီးအသေးရောထားခြင်း (ဥပမာ - SeCreT)
စာလုံးနှင့်သင်္ကေတ လဲလှယ်အစားထိုးခြင်း (ဥပမာ - “$ecret”)
သရများဖယ်ထားခြင်း (ဥပမာ - “scrt”)
အများသုံး အမည်များ အပေါ် အခြေခံထားခြင်း
User/Account အမည်များ အပေါ် အခြေခံထားသောခြင်း
တိုတောင်းခြင်း (သင်္ကေတ ၆ ခုထက် လျော့နည်းခြင်း)
ကီးဘုတ်မှ စာလုံးတွဲများအပေါ် အခြေခံထားခြင်း (ဥပမာ - “qwerty”, “zxcvb”)
စာလုံးတစ်ခုတည်းကိုသာ သုံးထားခြင်း (ဥပမာ - “kkkkkkkkk” “aabbccdd”)
လိုင်စင်နံပါတ်၊ မှတ်ပုံတင်အမှတ် စသည်တို့မှ ဂဏန်းများကို အဆင်ပြေသလိုထည့်သုံးခြင်း
မိမိအတွက် မှတ်သားရန်ခက်ခဲနေသော စကားဝှက်များ ဖြစ်ခြင်း
စကားဝှက်များ မလုံခြုံရခြင်း အကြောင်းများ
အခုလို အချက်တွေကြောင့် ကျွန်တော်တို့ရဲ့ စကားဝှက်တွေဟာ မလုံမခြုံဖြစ်တတ်ပါတယ် ...
စကားဝှက်တစ်ခုကို ထပ်တလဲလဲ သုံးခြင်း
မှတ်သားထားခြင်း (တစ်နေရာတွင် ရေးမှတ်ထားခြင်း)
ရေးမှတ်ထားသော စကားဝှက်ကို အခြားနေရာများတွင် သုံးခြင်း
(အထက်ပါ အလေ့အကျင့်နှစ်ခုကို ပေါင်းစပ် ပြုလုပ်ခြင်း)
စကားဝှက်များကို နေရာ နှစ်ခု (သို့မဟုတ်) ထို့ထက်ပိုပြီး သုံးခြင်း
စိတ်မချရသော စနစ်များတွင် စကားဝှက်များကို ထပ်ခါထပ်ခါ အသုံးပြုခြင်း (ဥပမာ - အွန်လိုင်း တွင်ကစားရသော ကစားနည်းများ တွင်စကားဝှက်တစ်ခုတည်းကို ထပ်ခါထပ်ခါ သုံးခြင်း)
မှတ်ချက် -
စကားဝှက် လုံခြုံမှုအတွက် သော့ချက် အကျဆုံးအရာမှာ စကားဝှက်အတွင်းပေါင်းစပ် ပါဝင်နေသော အရာများအပေါ် “ထွင်းဖောက်နိုင်မှု” (Crackability) အပေါ်တွင် တည်နေသည် ...
စကားဝှက်များနှင့် သက်ဆိုင်သည့် လုပ်နည်းစနစ်များ အစီအစဉ်များ အပေါ် ကောင်းစွာမသိခြင်း၊ အထဲတွင် ပါဝင်နေသော အရာများနှင့် စကားဝှက်များကို “ထွင်းဖောက်ခြင်း” (Cracking) ... တို့သည် လူတို့၏ “ လုံခြုံမှု မရှိသော ” အပြုအမူများ၊ အလေ့အကျင့်များ အပေါ် များစွာအခြေခံနေသည် ...
အင်အားကောင်းသော စကားဝှက်များ၏ လက္ခဏာများ
အင်အားကောင်းတဲ့ ခန့်မှန်းရခက်တဲ့ စကားဝှက်များ၏ လက္ခဏာများကတော့ အခုလို ဖြစ်ပါတယ် ....
အောက်ပါတို့အနက် တစ်ခုစီ အနည်းဆုံး ပါဝင်လျက် ရှိခြင်း
ကိန်းဂဏန်းများ (0..9)
စာလုံးများ (a..z..A...Z)
ပုဒ်ဖြတ် ပုဒ်ရပ် သင်္ကေတများ (?,!,],:," စသည်)
Control Character (^s, Ctrl-s စသည်)
ကဗျာစာပိုဒ်များမှ စာကြောင်းများတွင်ပါဝင်နေသော စာလုံးများအပေါ် အခြေခံခြင်း
- ဥပမာ - Man may come and man may go, But I go on forever,
- => MMCAMMGBIGOF => M2C@M2GBIG0F
- တခါတရံတွင် Virtual Password များကို ရည်ညွှန်း အသုံးပြုခြင်း
မိမိအတွက် အလွယ်တကူ မှတ်မိနိုင်သော်လည်း အခြားသူများ အနေဖြင့် ခန့်မှန်းနိုင်ရန် အလွန်ခက်ခဲခြင်း (အလွယ်တကူ မဖြစ်နိုင်ခြင်း)
ဆောင်ရွက်ရမည့် အလေ့အကျင့်များ
လုံခြုံ အားကောင်းသော စကားဝှက်များ ဖြစ်စေရန် ဆောင်ရွက်ရမည့် အလေ့အကျင့်များကောင်းတွေကတော့
စကားဝှက်များကို ထပ်ခါတလဲလဲ မသုံးခြင်း
စကားဝှက်တစ်ခုကို မည်သည့်နေရာတွင်မဆို ဘယ်တော့မှ ချရေးမထားခြင်း
ပုံဖျက် (Encrypted) ထားသော စကားဝှက် များကို ထားရှိရာနေရာ ရှိပါကလည်း ချရေးမထားခြင်း
နေရာ၊ စနစ်၊ အကြောင်းအရာ တစ်ခုတိုင်းစီအတွက် မတူညီသော စကားဝှက်တစ်ခုစီကို သုံးခြင်း
အချို့သော Trojan hosrse များသည် မိမိတို့၏ စကားဝှက်များကို ခိုးနိုင်ရန်အတွက် မိမိသုံးနေကြ ၀က်ဘ်ဆိုက် တစ်ခု၏ မူလစာမျက်နှာ အတုတစ်ခု ဖန်တီးကာ User Name နှင့် Password တို့ကို ထည့်သွင်းခိုင်းလေ့ ရှိတတ် ကြသည်။ ထို့ကြောင့် -
မိမိဝင်ရောက်ရမည့် နေရာသည် မှန်ကန်မှုရှိမရှိ အမြဲ သတိထား စစ်ဆေးခြင်း..
စိတ်ချယုံကြည်စွာ ၀င်ရောက်နိုင်မည့် အသိပေးချက်များဖော်ပြပေးခြင်းရှိမရှိ စစ်ဆေးခြင်း..
လိုအပ်ပါက reset လုပ်ပြီး ပြန်ဖွင့်ခြင်း
မိမိ၏ Keyboard ကို တိတ်တဆိတ် စောင့်ကြည့်ပြီး ရိုက်နှိပ်လိုက်သမျှကို မှတ်သားနေသော ပစ္စည်းများ၊ (စကားဝှက် ခိုးယူသော) ဆော့ဖ်ဝဲများ (Keyloggers) ရှိမရှိ စစ်ဆေးခြင်း
စကားဝှက်များကို မကြာခဏ အပြောင်းအလဲ ပြုလုပ်ခြင်း
မိမိ၏ စကားဝှက်များကို ရိုက်သွင်းနေစဉ်တွင် စောင့်ကြည့်၊ ချောင်းကြည့်၊ မသိမသာ ကြည့်နေသူများ ရှိမရှိ တတ်နိုင်သမျှ ဂရုပြု စစ်ဆေးခြင်း
ဆော့ဖ်ဝဲများတွင် ပါဝင်လေ့ရှိတတ်သော “စကားဝှက်မှတ်သားပေးပါ” (Remember Password) ဟူသော အင်္ဂါရပ်ကို ဘယ်တော့မှ မသုံးခြင်း .. (ဥပမာ - Internet Explorer ) ၊(တနည်းအားဖြင့် မိမိ၏ စကားဝှက်ကို ဆော့ဖ်ဝဲဖြင့် မှတ်ထားမှု မပြုခြင်း)
လုပ်ငန်းခွင်တွင် ဖြစ်ပါက အုပ်ချုပ်ရေးတွင် တာဝန်ရှိသူများက စကားဝှက်များ လုံခြုံမှု ရှိမရှိ စစ်ဆေးခြင်းတို့်ပါ။
Virus အကြောင်း
မြန်မာ့ကွန်ပျူတာများအား ခြိမ်းခြောက်နေသော ဗိုင်းရပ်စ်များအကြောင်း။
ABOUT FLASHY VIRUS
(Flashy အကြောင်း တစေ့တစောင်း)
အခုလောလောဆယ် မြန်မာနိုင်ငံကွန်ပျူတာလောကမှာ ကူးစက်မှု များပြားသော virus ကို ပြပါဆိုလျှင် ဆယ် ယောက်မှာ ခုနှစ်ယောက်ကတော့ Flashy virus ကို လက်ညိုးထိုးကြလိမ့်မည်။ Flashy သည် worm အမျိုးအစား virus ဖြစ်သည်။ File Size သည် 21,158 Bytes ရှိသည်။ ထို virus ကို 2006 July 21 တွင် စတင်တွေ့ရှိခဲ့ကြ သည်။ ကူးစက်နိုင်သော စနစ်များမှာ Windows 95, Win98, Win ME, Win 2000, Win NT, Win Sever 2003, Win XP, Win Vista တို့ဖြစ်သည်။ Flashy သည် စက်ထဲစတင်ဝင်ရောက်သည်နှင့် ဖိုင်နှစ်ခုကို စတင်ဖန် တီးလိုက်သည်။
(1) %Systemroot%\Flashy.exe
(2) UserProfile%\StartMenu\Programs\Startup\systemID.pif
%Systemroot% သည် များသောအားဖြင့် C:\WINDOWS ကို ကိုယ်စားပြုသည်။
%UserProfile% သည် Windows XP တွင် C:\Documents and Settings\Account Name\ ကို ကိုယ်စား ပြုသည်။ (မှတ်ချက်။ အထက်ပါအကြောင်းအရာများသည် အများစုတွင် ရှိနိုင်သည်ကို ရေးထားခြင်း ဖြစ်သည်။ မိမိစက်အတွက် သိလိုလျှင် Start Menu မှ Run တွင် %systemroot% (or) %userprofile% ဟု ရိုက်၍ OK ကို နှိပ်လိုက်ပါ။
ထိုမျှသာမက Registry Settings တွင်လည်း ၀င်ရောက်ပြင်ဆင်လိုက်သေးသည်။ သို့မှသာ Windows တက် သည့်အခါတိုင်း virus သက်ဝင်လှုပ်ရှားနိုင်မည်ဖြစ်သည်။ Registry Setting ထဲသို့ဝင်ရောက်ရန် Start Menu မှ Run တွင် regedit (or) regedt32 ဟု ရိုက်ထည့်ပြီး OK ကို နှိပ်လိုက်ပါ။
ံ
HKEY_LOCAL_MACINE\Software\Microsoft\Windows\CurrentVersion\Run\"Flashy Bot"= "%System%\Flashy.exe"
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Advanced\ "Hidden"="2"
ံ(Hidden Files & Folder များကို မမြင်စေရန် ဖျောက်ပစ်သည်။ သို့မှသာ မူရင်း Folder များကို မမြင်ရဘဲ Virus များကိုသာ မြင်စေရန်အတွက် ရည်ရွယ်ထားသည်။)
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Advanced\ "HideFileExt"="1"
(File Extension များကို မမြင်စေရန် ဖျောက်ပစ်သည်။ သို့မှသာ Folder နှင့် Application ကို အလွယ်တကူ မှားယွင်းဖွင့်မိမည် ဖြစ်သည်။)
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer\ "No Folder Options"="1"
(Windows Explorer ၏ Tools Menu တွင် Folder Options ကို ဖျောက်ပစ်သည်။ သို့မှသာ အထက်တွင် ပြောင်းလဲထားမှုကို အသုံးပြုသူမှ အလွယ်တကူ ပြန်လည်မပြောင်းလဲနိုင်မည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အထက်ပါပြောင်းလဲချက်များကို Windows Explorer ရှိ Tools Menu အောက်က Folder Option မှတစ်ဆင့် ပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်။ )
HKEY_LOCAL_MACHINE\SYSTEM\Current ControlSet\Services\Shared Access\
"Start"="4"
(Windows Firewall နှင့် Internet Connection Sharing ကို ပိတ်ရန်အတွက် Registry Settings တွင် ပြင်ဆင်လိုက်သည်။)
့HKEY_LOCAL_MACHINE\Software\Microsoft\Windows\Current Version\Policies\System\"DisableRegitd HyTools"="1"
(Virus မှ ပြုပြင်ထားသော Registry Settings များကို အသုံးပြုသူမှ ပြန်လည် မပြင်ဆင်နိုင်စေရန်အတွက် System Tools များဖြစ်သော Registry Editor နှင့် Task Manager ကို အသုံးပြုသူ မသုံးနိုင်စေရန်အတွက် ပိတ်ထားခြင်းဖြစ်သည်။)
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
System\"DisableTaskMgr"="1"
( Program များကို အသုံးပြုရန် ဖွင့်သောအခါ "Program is disabled by System Administrator" ဟူသော Error သာ တက်လာသည်ကို တွေ့ရမည်။ ထိုအခါ အလားတူလုပ်ဆောင်မှုများကို လုပ်ဆောင်ပေးနိုင်သော program များဖြစ်သည့် Registry Mechanic, Windows Manager, etc..) များကို သုံးနိုင်သည်။)
Flashy virus များသည် Administrator များကို Password ပေးသွားတတ်သည် ..။ အဲ့ဒီ password ကတော့ hacked ဖြစ်သည်။